မိုင်းဖြတ်  ၂၀  အောက်တိုဘာ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ယနေ့မွန်းလွဲ ၁၂ နာရီ  ၄၅ မိခန့်က နမ့်နန်းကျေးရွာအုပ်စု၊ ပါယောင်း(၁)ကျေးရွာတွင် ဒေါ်နာနူးနေအိမ်၌ တစ်ပိုင်တနိုင် ကိုယ်ပိုင်ရေးအားလျှပ်စစ် ဝါယာရှော့မှတစ်ဆင့်  နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

1

 

မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဖြစ်ပွားရာနေရာသို့  ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးပြည့်၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မြို့နယ်ဦးစီးမှူး ဦးခိုင်စိုးဝင်းနှင့် တပ်ဖွဲ့ဝင် ၁၀ ဦး၊ မြို့မရဲစခန်းမှ ဒုရဲအုပ် ဟန်မိုးလွင်နှင့် တပ်ဖွဲ့ ၃ ဦး၊ ကျေးရွာနေပြည်သူတို့မှ မီးသတ်ယာဉ်တစ်စီး ရေသယ်ယာဉ် တစ်စီးတို့ဖြင့်     ၁ နာရီ ၅ မိနစ်ခန့်တွင် မီးစတင်ငြိမ်ခဲ့ပြီး ၁ နာရီ ၁၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁ နာရီ မိနစ် ၂၀ တွင် မီးငြိမ်းနိုင်ခဲ့သည်။

 

မီးလောင်မှုဖြစ်ပွားခြင်းကြောင့်  ၂၀×၁၅ပေရှိ ဝါးထရံကာ၊ ပျဉ်ခင်း၊ သွပ်မိုးခြေတံရှည်အိမ် (၁)ထပ်၊ မီးဖိုချောင်နှင့် နွားတင်းကုတ် ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့်အခြား တိရစ္ဆာန်များ ထိခိုက်မှုမရှိဘဲ  အခြားနေအိမ်များသို့ မီးကူးစက်လောင် ကျွမ်းမှုမရှိကြောင်း သိရသည်။

 

1

 

ဖြစ်စဉ်နှင့်ပတ်သက်၍  ဒေါ်နာနူး အား  မိုင်းဖြတ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သန်းထွန်းအေး(ပြန်/ဆက်)