မိုင်းဖြတ် ၂၀ အောက်တိုဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ယနေ့မွန်းလွဲ ၁၂ နာရီ ၄၅ မိခန့်က နမ့်နန်းကျေးရွာအုပ်စု၊ ပါယောင်း(၁)ကျေးရွာတွင် ဒေါ်နာနူးနေအိမ်၌ တစ်ပိုင်တနိုင် ကိုယ်ပိုင်ရေးအားလျှပ်စစ် ဝါယာရှော့မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဖြစ်ပွားရာနေရာသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးပြည့်၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မြို့နယ်ဦးစီးမှူး ဦးခိုင်စိုးဝင်းနှင့် တပ်ဖွဲ့ဝင် ၁၀ ဦး၊ မြို့မရဲစခန်းမှ ဒုရဲအုပ် ဟန်မိုးလွင်နှင့် တပ်ဖွဲ့ ၃ ဦး၊ ကျေးရွာနေပြည်သူတို့မှ မီးသတ်ယာဉ်တစ်စီး ရေသယ်ယာဉ် တစ်စီးတို့ဖြင့် ၁ နာရီ ၅ မိနစ်ခန့်တွင် မီးစတင်ငြိမ်ခဲ့ပြီး ၁ နာရီ ၁၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁ နာရီ မိနစ် ၂၀ တွင် မီးငြိမ်းနိုင်ခဲ့သည်။
မီးလောင်မှုဖြစ်ပွားခြင်းကြောင့် ၂၀×၁၅ပေရှိ ဝါးထရံကာ၊ ပျဉ်ခင်း၊ သွပ်မိုးခြေတံရှည်အိမ် (၁)ထပ်၊ မီးဖိုချောင်နှင့် နွားတင်းကုတ် ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့်အခြား တိရစ္ဆာန်များ ထိခိုက်မှုမရှိဘဲ အခြားနေအိမ်များသို့ မီးကူးစက်လောင် ကျွမ်းမှုမရှိကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါ်နာနူး အား မိုင်းဖြတ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)


