၃၀ ဇန်နဝါရီ

 

ပီရူးနိုင်ငံ မြို့တော်လီမာတွင် ပြီးခဲ့သည့် သီတင်းပတ်က ဓာတ်ဆီတင်ယာဉ်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် လူ ၁၆ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားခဲ့သည်။

 

အရွယ်မရောက်သေးသူ ၁၀ ဦး အပါအဝင် ၃၁ ဦး ဆေးရုံတင်ထားဆဲဖြစ်ပြီး သေဆုံးသူဦးရေ မြင့်တက်လာနိုင်သည်ဟု ထိုဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

အဆိုပါ ယာဉ်ပေါက်ကွဲမှုကြောင့် မီးလောင်ဒဏ်ရာရရှိသူများအား အစားထိုးကုသရန် စင်တီမီတာ ၂၀၀၀၀ ရှိသော  လူ၏အရေပြားကို ပီရူးနိုင်ငံအား ပေးပို့ခဲ့ကြောင်း ဘရာဇီးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့သည်။

 

ထိုမြို့၏ ဗီလာအယ်လ်ဆာဗေးဒါ ခရိုင်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ဒဏ်ရာအနည်းငယ်ရရှိခဲ့သော လူ ၁၁ ဦးကို ယင်းနေ့မှာပင် ဆေးရုံမှဆင်းခွင့်ပေးခဲ့သည်။

 

၎င်းဓာတ်ဆီတင်ယာဉ်မှာ ထိုလမ်းပေါ်တွင် မတော်တဆမှုဖြစ်ကာ ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားပြီး မီးလောင်ပေါက်ကွဲခဲ့သဖြင့် အနီးနားရှိ နေအိမ်များ ပျက်စီးသွားခဲ့သည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို