၃၀ ဇန်နဝါရီ
အင်ဒိုနီးရှားနိုင်ငံအရှေ့ဘက် မာလူကူမြောက်ပိုင်း ပြည်နယ်တွင် ယနေ့မနက်ပိုင်းက ပြင်းအား ၅ ဒသမ ၈ ပမာဏ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသ ရာသီဉတုနှင့်ဘူမိဗေဒ အေဂျင်စီ က ပြောကြားခဲ့သည်။
ငလျင်ဗဟိုချက်မှာ ပင်လယ်ကြမ်းပြင်အောက် ၁၀ ကီလိုမီတာ ရေတိမ်ပိုင်းနှင့် တာနိတ်မြို့ အနောက်တောင်ဘက် ၁၁ ကီလိုမီတာ အကွာတွင် ယနေ့မနက် ၆ နာရီ ၄၆ မိနစ်က လှုပ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။
ထိုငလျင်သည် ဆူနာမီ ဖြစ်ပွားနိုင်ချေ မရှိဟု သိရသည်။
မြောက်ပိုင်း ဆူလာဝေစီ ပြည်နယ် မာနာဒိုမြို့တော်အနီးနှင့် ထိုပြည်နယ်ရှိ တီဒိုးမြို့၊ ဂျေလိုလိုမြို့၊ ဆိုဖီမြို့၊ တာနိတ်မြို့တို့တွင် ယင်းငလျင်လှုပ်ခတ်မှုဒဏ် ခံခဲ့ရသည်။
အင်ဒိုနီးရှားနိုင်ငံသည် ငလျင်ဖြစ်နိုင်ချေရှိသော ဇုန်တွင်တည်ရှိသဖြင့် ငလျင်မကြာခဏ လှုပ်ခတ်မှုဖြစ်ပေါ်ခြင်း ဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


