၃၀ ဇန်နဝါရီ

ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့နေတဲ့ လင်းနို့ဟင်းရည် ဗီဒီယို၊ ကုသဆေးနဲ့ ကာကွယ်ဆေးနဲ့ပတ်သတ်တဲ့ သတင်းအချက်အလက်အမှားတွေဟာ လူထုကို ပိုပြီးကြောက်လန့်စေသလို လူမျိုးရေးခွဲခြားမှုတွေ၊ လူမျိုးရေးဘောင်ခတ်ကြည့်ခြင်းတွေပါ တိုးများစေတာကို လေ့လာတွေ့ရပါတယ်။ 

 

32

 

အဲဒီလို သတင်းအချက်အလက် အမှားတွေနဲ့ပတ်သတ်ပြီး ဟောင်ကောင်က အသက် ၄၀ ဝန်းကျင် ဆရာဝန်မဖိုဖီက ဆံပင်အခြောက်ခံစက်ကို အသုံးပြုပြီး မျက်နှာနဲ့ လက်တွေကို ပိုးမွားကင်းအောင် လုပ်ခိုင်းတာမျိုး၊ အပူချိန် ၆၀ ဒီကရီရှိတဲ့ ရေနွေးပူကို သောက်ခြင်းအားဖြင့် ကျန်းမာရေး ကောင်းစေဆိုတဲ့ပို့စ်မျိုး၊ ဒတ်တေ (Dettol) လို အရည်ကို သောက်ခြင်းဟာလည်း ပိုးမွှားကင်းစင်တယ်ဆိုတာမျိုး ရေးသားထားတဲ့ ပို့စ်တွေကိုပါ ဆိုရှယ်မီဒီယာပေါ်မှာတွေ့ရကြောင်း ပြောပါတယ်။ 

ကျန်းမာရေးဝန်ထမ်းတစ်ဦးအနေနဲ့ အဲဒီနည်းလမ်းတွေအားလုံးက ဗိုင်းရပ်စ်ပိုးကို မကာကွယ်နိုင်ကြောင်း၊ ဆိုးကျိုးကိုသာဖြစ်စေကြောင်း ဆရာဝန်မ ဖိုဖီက ထောက်ပြထားပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ် နဲ့ပတ်သတ်ပြီး သတင်းအချက်အလက်အမှားတွေကို နိုင်ငံပေါင်း ၃၀ မှာ သတင်းအချက် စစ်ဆေးရေး အဖွဲ့အစည်း ၅၀ ကျော်က စောင့်ကြည့်နေတာကို တွေ့ရပါတယ်။ 

 

33c

 

လင်းနို့ဟင်းရည်နဲ့အမျိုးသမီးငယ်ဗီဒီယိုကို အနောက်တိုင်းရှိ tabloid သတင်းဌာနတစ်ခုက တရုတ်လူမျိုးတွေရဲ့ အစားအသောက်ကြောင့် အခုလိုဒုက္ခရောက်ရတယ်လို့ ရေးသားလိုက်ပါတယ်။ 

အဲဒီဗီဒီယိုဟာ ၂၀၁၆ ခုနှစ်က ပလူကျွန်းပေါ်ကို ရောက်ရှိတဲ့ တရုတ်ခရီးသွား ဘလော့ကာ တစ်ယောက်ရဲ့ ဗီဒီယိုဖြစ်ပါတယ်။ ဗီဒီယိုထုတ်လုပ်တဲ့ ရက်စွဲကို ပြန်လည်စစ်ဆေးခြင်းမရှိဘဲ ဖြန့်ဝေခြင်းဖြစ်တာကို တွေ့ရကြောင့် လေ့လာတွေ့ရှိချက်မှာ ရေးသားထားပါတယ်။ 

MDN
ကိုးကား - AFP