၄ ဖေဖော်ဝါရီ
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်ရှိ တက္ကသိုလ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့် နှစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်။
တက္ကဆက် A&M တက္ကသိုလ် ၏ ကူးသန်းရောင်းဝယ်ရေး ဘာသာရပ်ဆိုင်ရာ ဌာနဝင်းရှိ အိပ်ဆောင်တစ်ဆောင်တွင် ထို ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့က ယင်းသံသယရှိသူကို ရှာဖွေနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုတက္ကသိုလ်သည် တက္ကဆက်ပြည်နယ် ဒေါလပ်စ်မြို့၏ အရှေ့မြောက်ဘက် ကီလိုမီတာ ၁၀၀ ခန့်အကွာ ကွန်မာ့မြို့တွင် တည်ရှိသည်။
အဆိုပါ တက္ကသိုလ်တွင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၅၇ နိုင်ငံမှ ကျောင်းသား ၁၂၀၀၀ ရှိသည်ဟု သိရသည်။
ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို


