၄ ဖေဖော်ဝါရီ
နှင်းခဲများရှားပါးလာမှုနှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်ပြီး စိုးရိမ်မှုများဖြစ်ပွားနေစဉ် အတွင်း နှစ်စဉ်ကျင်းပနေကျ နှင်းပွဲတော်ကို လူစည်ကားရာ နေရာများဖြစ်သည့် ဂျပန်နိုင်ငံမြောက်ပိုင်း ဆတ်ပိုရိုမြို့နှင့် ဟော့ကိုင်းဒိုး နေရာနှစ်ခု၌ ယနေ့တွင် ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ၇၁ကြိမ်မြောက် နှင်းပွဲတော်ကို မြို့လယ်ရှိ အိုဒူရီပန်းခြံနှင့် ဆူဆူကီနိုနေရာများမှ စတင် ကျင်းပခဲ့သည်။
ပြီးခဲ့သည့် သောကြာနေ့က ဆူဒိုမီ၌ နေရာအနည်းငယ်ကို ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ပြပွဲတွင် နှင်းများနှင့် ရေခဲပန်းပုပေါင်း ၂၀၀ကျော်ကို ပြသထားသည်။
စိတ်ဝင်စားဖွယ်ရာ အကောင်းဆုံး ပြကွက်များမှာ အိုဒူရီပန်းခြံတွင် နှင်းထုဖြင့်ထုလုပ်ထားသည့် နှင်းပန်းပုငါးခုပါဝင်ပြသထားပြီး နောက်တစ်ခုမှာ ပိုလန်နန်းတော် အရွယ်အစား၏ ထက်ဝက်ခန့်ရှိသည့် ပိုလန်နန်းတော်ပုံနှင်းရုပ်တု နှင့် ဟော့ကိုင်းဒိုးမှ ၁၂မီတာ အမြင့်ပုံစံရှိသည့် မြင်းတစ်ကောင်ပုံနှင်းရုပ်ကိုလည်း ပြဝင်ပြသထားလျက်ရှိသည်။
ဆူဆူကီနို ပြခန်းတွင် ရေခဲပန်းပုပေါင်း ၆၀ စုစည်းထားမှုကို ပြသထားသည်။
ဆူဒိုမီတွင် လာရောက်သည့် ဧည့်သည်များသည် နှင်းလျှောစီးခြင်းများပြုလုပ်ပြီး သာယာကြည်နူးနိုင်သည်။
အဆိုပါ နှင်းပွဲတော်သည် မနှစ်ကထက် အနည်းငယ်ကွာခြားခဲ့ပြီး ကမ္ဘာပေါ်ရှိ လူပေါင်း ၂ဒသမ ၇သန်းကို ဆွဲဆောင်ခဲ့သည်။
ပွဲတော်လာရောက်သည့် ဧည့်သည်များကို ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားခြင်းနှင့်ပတ်သက်ပြီး သတိပေးနှိုးဆော်စာများကို ပွဲတော်၏ နေရာများတွင် ချိတ်ဆွဲထားသည်။
လာမည့်အပတ် အင်္ဂါနေ့တွင် အဆိုပါ ပွဲတော်သုံးခုကို ပိတ်မည်ဖြစ်သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


