၄ ဖေဖော်ဝါရီ

 

တရုတ်ပြည်မကြီးနှင့် ဆက်စပ်သည့် နယ်စပ် ဖြတ်ကျော်သည့် ဂိတ်များအားလုံးကို ဆေးဖက်ဆိုင်ရာ ဝန်ထမ်းများ၏ တောင်းဆိုမှုကြောင့် ပိတ်ပစ်ရန် ဟောင်ကောင်အာဏာပိုင်များက  ဆုံးဖြတ်ခဲ့သည်။

 

တရုတ်နိုင်ငံ၊ ရှင်ကျန်းမြို့နှင့် ကပ်လျက်ရှိ  ဘူတာရုံအနီးတွင်ရှိသည် နယ်စပ်ဧရိယာအပါအဝင် နောက်ထပ်နေရာလေးခုကိုလည်း ပိတ်ထားမည်ဖြစ်ကြောင်း ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက ယမန်နေ့က ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့်အပတ် ကြာသပတေးနေ့မှစတင်ပြီး ဟောင်ကောင်သည် ပြည်မကြီးနှင့် တိုက်ရိုက်ချိတ်ဆက်ထားသည့် ရထားဝန်ဆောင်မှုများအားလုံးကို ဆိုင်းငံ့ထားလိုက်သည်။

 

လေဆိပ်အပါအဝင် နေရာသုံးခုမှ လူများကို ဟောင်ကောင်နှင့်တရုတ်ပြည်မကြီးအကြားသာ ခရီးသွားလာခွင့်ပြုမည်ဖြစ်သည်။

 

ပြည်သူ့ဆေးရုံများမှ ဆရာ၀န်များနှင့် အခြားကျန်းမာရေး ၀န်ထမ်းများ အဖွဲ့က နယ်စပ်ကို အပြည့်အဝ ပိတ်ပစ်ရန် ငါးရက်ကြာ ဆန္ဒပြခဲ့ကြသည်။

 

ဆန္ဒပြပွဲ၏ ပထမဆုံးနေ့တွင် အဖွဲ့ဝင်ပေါင်း ၂၅၀၀ ပါဝင်ခဲ့ဆန္ဒပြကြောင်း အဆိုပါ အဖွဲ့က ပြောကြားခဲ့သည်။

 

 

ယနေ့မှ စပြီး အဖွဲ့ဝင်အားလုံး၏သုံးပုံတစ်ပုံနီးပါးဖြစ်သည့် အဖွဲ့ဝင် ၉၀၀၀ အထိ တက်ရောက်ရန် မျှော်လင့်ရသည်။

 

နယ်စပ်ကိုအပြည့်အဝပိတ်ပစ်ရန် တောင်းဆိုမှုကို အပြည့်အဝ လိုက်နာနိုင်မည်မဟုတ်ကြောင်း ဟောင်ကောင် အာဏာပိုင်များက ပြောကြားခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်