၁၀ မတ်

အာဖဂန်နစ္စတန်နိုင်ငံ၏ အတိုက်အခံအင်အားစု ဖြစ်သော တာလီဘန်အုပ်စုများနှင့် မကြာသေးမီက သဘောတူညီမှုရရှိခဲ့ပြီးနောက်ပိုင်း အမေရိကန်တပ်ဖွဲ့များသည် အာဖဂန်နစ္စတန်နိုင်ငံမှ စတင်ထွက်ခွာ ခဲ့ကြသည်။

 

အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်တပ်ဖွဲ့များ ယနေ့စတင်ရုပ်သိမ်းနေပြီဖြစ်ကြောင်း အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ အမေရိကန်တပ်ဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

 

၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က အမေရိကန်နိုင်ငံတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုအပြီး အမေရိကန်တို့သည် အာဖဂန်နစ္စတန်နိုင်ငံတွင် စစ်ဆင်ရေး စတင်လုပ်ဆောင်ခဲ့သည်။

 

အဆိုပါ စစ်ဆင်ရေးလုပ်ဆောင်ပြီးနောက်ပိုင်း  အမေရိကန်နှင့်တာလီဘန်တို့သည် ပြီးခဲ့သည့် လက ပထမဆုံးသဘောတူညီချက်ဖြစ်သော ငြိမ်းချမ်းရေး သဘောတူညီချက် ချုပ်ဆိုခဲ့ကြသည်။

 

အဆိုပါ သဘောတူညီချက်တွင် ရက်ပေါင်း ၁၃၅ ရက်အတွင်း လက်ရှိအမေရိကန်တပ်ဖွဲ့ဝင် ၁၃၀၀၀ ဝန်းကျင် မှ ၈၆၀၀ သို့ လျှော့ချရန် အမေရိကန်ကို တောင်းဆိုထားသည်။

 

ထိုသဘောတူညီချက်အရ ကျန်ရှိနေသေးသော တပ်ဖွဲ့ဝင်များသည်  ၁၄ လအတွင်း အာဖဂန်နစ္စတန်နိုင်ငံမှ ထွက်ခွာရမည် ဖြစ်သည်။

ကိုးကား- အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို