၁၀ မတ်
တရုတ်သမ္မတရှီကျင့်ဖျင်ဟာ ကိုဗစ်19 ဗိုင်းရပ်စ်စတင်ပျံ့နှံ့ရာ ဝူဟန်မြို့ကို ဗိုင်းရပ်စ်စတင်ပျံ့နှံ့ပြီးနောက် ပထမဉီးဆုံးအကြိမ်အဖြစ် ဒီနေ့(အင်္ဂါနေ့) သွားရောက်ခဲ့ပါတယ်။
ဗိုင်းရပ်စ်ပိုးစတင်ရာ ဝူဟန်မြို့နဲ့ ဟူဘေပြည်နယ်ရဲ့ တခြားမြို့တွေကို သီးခြားနေထိုင်ရန် အပြင်ထွက်မှု ကန့်သတ်ချက်ကို ရုပ်သိမ်းပြီးနောက် သမ္မတရှီ လာရောက်လည်ပတ်တာဖြစ်ပါတယ်။ အဲဒီဒေသတွေကို ဇန်နဝါရီလကုန်ပိုင်းကတည်းက ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှု တားဆီးနိုင်ရန်အတွက် ဒေသခံတွေကို အပြင်ထွက်ခွင့် ကန့်သတ်ခဲ့တာဖြစ်ပါတယ်။ အခုသီတင်းပတ်တွေ အတွင်းမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု လျှော့ကျသွားတာကို တွေ့နေရပါတယ်။
သမ္မတရှီက ကိုဗစ်19 ဗိုင်းရပ်စ်ပိုးကို အဓိက နေရာကနေ ကုသပေးနေတဲ့ ကျန်းမာရေးဝန်းထမ်းတွေ၊ စစ်သားတွေ၊ ဒေသတွင်းလုပ်သားတွေ၊ ရဲသားတွေ၊ လူနာတွေအပါအဝင် ဒေသခံတွေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။
မောစီတုန်းနောက်ပိုင်း တရုတ်နိုင်ငံမှာ အာဏာအရှိဆုံး ရှီကျင့်ဖျင်ဟာ ပုံမှန်ဆိုရင် နိုင်ငံပိုင်သတင်းဌာနရဲ့ သတင်းတွေမှာ နေ့စဉ်ပါဝင်ခဲ့ပေမယ် ဗိုင်းရပ်စ်ပိုးနှိမ်နင်းရေးမှာ တာဝန်ယူထားရဲ့ ဝန်ကြီးချုပ် လီခချန် ကို တာဝန်ပေးထားတဲ့အတွက် ဗိုင်းရပ်စ်ပိုးသတင်းနဲ့ ပတ်သတ်ပြီး ပါဝင်မှု နည်းပါးတာကို တွေ့ရပါတယ်။
ကမ္ဘာတစ်ဝန်းမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူအရေအတွက် စုစုပေါင်း ၁၁၀,၀၀၀ ဦးရှိပြီး သေဆုံးသူ ၄၀၀၀ ကျော်ရှိရာ အများစုမှာ တရုတ်နိုင်ငံမှ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးနဲ့ပတ်သတ်တဲ့ သတင်းအချက်ကို တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင်ကနေ ဇန်နဝါရီ ၂၁ ရက်နေ့က စတင်ပြီး ထုတ်ပြန်ကြေညာနေခဲ့ရာ မတ်လ ၁၀ ရက်နေ့မှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁၉ ဦးသာရှိကြောင်း ထုတ်ပြန်တဲ့အတွက် ကူးစက်သူ ဦးရေအနည်းဆုံးဖြစ်တာကို တွေ့ရပါတယ်။
MDN
ကိုးကား - AFP


