ဂျီနီဗာ ၁၁ မတ် 

ကိုဗစ်-၁၉ ရောဂါသည် နိုင်ငံ အမြောက်အမြားတွင် ဖြစ်ပွားလျက်ရှိရာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအန္တရာယ် အသွင် ပေါ်လွင်လာပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေး မှူး တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘ ရက်စ်စက်က ယမန်နေ့က ပြောကြားလိုက်သည်။

တက်ဒရော့စ်က အခြေအနေများ ဆိုးရွားနေသော်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုသည် သမိုင်းတွင် ပထမဆုံး ထိန်းချုပ်နိုင်မည့် ကပ်ရောဂါဖြစ်ကြောင်း၊ မိမိတို့သည် ဗိုင်းရပ်စ် ရောဂါပိုး၏ ခြယ်လှယ်ခြင်းကို လက် သင့်ခံနေမည်မဟုတ်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားလိုက်သည်။

မိမိတို့တွင် အားသာချက်များရှိကြောင်း၊ အစိုးရ၊ ကုမ္ပဏီလုပ်ငန်း၊ လူနေရပ်ကွက်၊ မိသားစုနှင့် မိမိကိုယ် တိုင်ကစပြီး လုပ်ဆောင်မှုတိုင်းသည် ရောဂါဘေးကြီး ဖြစ်ပွားနေသည့် အခြေအနေများကို အပြောင်းအလဲ ဖြစ်စေနိုင်သည်ဟု တက်ဒရော့စ်က ပြောကြားလိုက်သည်။

ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ အရေအတွက်နှင့် ရောဂါဖြစ်ပွားသည့် နိုင်ငံနှင့် ဒေသများ ၏အရေအတွက်သည် အဆက်မပြတ် တိုးတက်လာနေကြောင်း၊ သို့သော်လည်း ရောဂါပြန့်ပွားမှု အခြေအနေ သည် ကွဲပြားလျက်ရှိကြောင်းနှင့် နိုင်ငံအများစု၏ ယင်းအခြေအနေပေါ် ပစ်မှတ်ထား ဖြေရှင်းဆောင်ရွက်ရ မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

လတ်တလော လုပ်ဆောင်ရမည်မှာ ရောဂါတားဆီးရေးနှင့် ရောဂါဖြစ် ပွားမှုနှုန်းလျှော့ချရေးတွင် နှစ်ခုစလုံး တစ်ချိန်တည်း တစ်ပြိုင်တည်းဆောင် ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လုပ်ဆောင်ရမည်များကို ပြတ်ပြတ်သားသား ဆောလျင်စွာလုပ် ဆောင်ခြင်းသည် ရောဂါပိုးပြန့်ပွားမှုကို လျော့နည်းစေနိုင်ကြောင်း၊ ကူးစက်ခံရ သူအများစုသည် ရောဂါပြန်လည် ကောင်းမွန်လာသည်ကို တွေ့မြင်ရ ကြောင်း၊ တရုတ်နိုင်ငံတွင် ရောဂါ ဖြစ်ပွားသူ ၈၀၀၀၀ ကျော်ရှိရာ ၇၀ ရာခိုင်နှုန်းကျော်သည် ရောဂါပျောက်ပြီး ဆေးရုံမှ ဆင်းနိုင်ခဲ့ကြောင်း တက်ဒရော့စ်က အလေးအနက် ထားပြောကြားလိုက်သည်။

ဆင်ဟွာ