၁၁ မတ်
အမေရိကန်နှင့် တာလီဘန်တို့သည် ပြီးခဲ့သည့်လနှောင်းပိုင်းက ငြိမ်းချမ်းရေး သဘောတူညီချက်အား အကောင်အထည်ဖော် ဆောင်ရွက်မှုများ ဆက်လက် လုပ်ဆောင်နေသည်။
သို့သော်လည်း တာလီလန်တို့၏ လက်ရှိအကြမ်းဖက်မှုများကို လက်မခံနိုင်ကြောင်းနှင့် ထိုအကြမ်းဖက်မှုများသည် ငြိမ်းချမ်းရေးကို အဟန့်အတားဖြစ်စေကြောင်း အမေရိကန်က ပြောကြားသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
တာလီဘန်တို့သည် အာဖဂန်နိုင်ငံသား အများအပြားကို သတ်ဖြတ်နေပြီး ယင်းအခြေအနေကို ပြောင်းလဲရမည် ဖြစ်ကြောင်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါ အမေရိကန်-တာလီဘန် သဘောတူညီချက်သည် ၁၈ နှစ်ကျော်ကြာဖြစ်ပွားသော စစ်ပွဲကို အဆုံးသတ်ရန် ရည်ရွယ်သည်။
၎င်းသဘောတူညီချက်သည် အမေရိကန် သို့မဟုတ် ၎င်း၏မဟာမိတ်အဖွဲ့များကို တာလီဘန်တို့ တိုက်ခိုက်ခြင်းမှ ရှောင်ကြဉ်ခြင်းနှင့် အာဖဂန်နိုင်ငံမှ အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းခြင်းတို့ကို မြင်တွေ့ရမည် ဖြစ်သည်။
သို့ရာတွင် အရေးကြီးသော အတားအဆီးတစ်ခုမှာ စေ့စပ်ဆွေးနွေးပွဲမှ အာဖဂန်အစိုးရ ထွက်ခွာခြင်း ဖြစ်သည်။
တာလီဘန်နှင့် အာဖဂန်အစိုးရသည် အကျဉ်းသားလဲလှယ်ရေး ကိစ္စနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှုများ ရှိခဲ့သော်လည်း အာဖဂန်တို့က တာလီဘန်အကျဉ်းသား ၁၅၀၀ ဦးကို လာမည့်ရက်များအတွင်း လွှတ်ပေးရန် သဘောတူညီခဲ့ကြသည်ဟု ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့သည်။
အပြန်အလှန်အားဖြင့် အာဖဂန် အစိုးရတပ်ဖွဲ့ဝင် ၁၀၀၀ ကို တာလီဘန်တို့က ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း သိရသည်။
ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


