၁၃ မတ်

ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုး ရဲ့ဇနီးဆိုဖီယာ ဂရီဂိုရီထရူးဒိုးမှာ ကိုဗစ်-19 ဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း ဝန်ကြီးချုပ်ရုံးမှ မနေ့ညနေပိုင်းက ကြေညာလိုက်ပါတယ်။

 

ဝန်ကြီးချုပ်နဲ့ ဇနီး အသက် ၄၄ နှစ်အရွယ် ဆိုဖီယာတို့ဟာ ကြာသပတေးနေ့ အစောပိုင်းက သူတို့ဟာ လူအများနဲ့ တွေ့ဆုံခြင်းမရှိဘဲ သီးသန့်ခွဲနေမယ်။ ဝန်ကြီးချုပ်က ဇနီးသည်မှာ ဗိုင်းရပ်စ်ရှိမရှိ စစ်ဆေးထားကြောင်း ပြောကြားခဲ့ပါတယ်။

 

ဝန်ကြီးချုပ်ဟာ ကျန်းမာရေးကောင်းမွန်ပြီး ဗိုင်းရပ်စ်ပိုးလက္ခဏာ မတွေ့ရှိကြောင်း၊ သူ့ရဲ့တာဝန်တွေကို ဆက်လက်ထမ်းဆောင်နေကြောင်း၊ ကိုဗစ်-19 ဗိုင်းရပ်စ်ပိုးကို ကာကွယ်တုံ့ပြန်ရေးအတွက် အစည်းအဝေးအပါအဝင် တခြားအစည်းအဝေးတွေကို ဖုန်းနဲ့ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရပါတယ်။  

 

နိုင်ငံတွင်းက အစည်းအဝေးတွေအပြင် အီတလီ၊ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံခေါင်းဆောင်တွေနဲ့ပါ တယ်လီဖုန်းနဲ့ စကားပြောခဲ့ကြောင်း ကနေဒါဝန်ကြီးချုပ်ရုံးမှ ပြောပါတယ်။

 

ကနေဒါနိုင်ငံမှာ ကိုဗစ်-19 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁၅၈ ဦးနဲ့ သေဆုံးသူ ၁ ဦးရှိကြောင်း မတ် ၁၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းက စတင်ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ နိုင်ငံနဲ့ဒေသပေါင်း ၁၂၇ ခု မှာပျံ့နှံ့ပြီး လူပေါင်း ၁၃၄,၇၆၉ ဉီးမှာ ကူးစက်ခံခဲ့ရပြီး ၄,၉၈၃ ဦးသေဆုံးခဲ့ပါပေမယ့် လူပေါင်း ၇၀,၃၈၇ ဦးက ပြန်လည် ကောင်းမွန်လာကြောင်း သိရပါတယ်။

MDN
ကိုးကား - AFP