၁၃ မတ်
အယ်လ်ဂျီးရီးယားနိုင်ငံခြားရေးဝန်ကြီး ဆဘီဘော့ကာဒွန်မ် နှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျင်းယတ်လီဒရင်တို့သည် ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များအပြင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး ယမန်နေ့က ဆွေးနွေးခဲ့ကြသည်။
မြို့တော် အယ်လ်ဂျီးရီးယားတွင် ဖရန့်ကို-အယ်လ်ဂျီးရီးယား စီးပွားရေးကော်မရှင်၏ ခြောက်ကြိမ်မြောက် ကျင်းပသော အခမ်းအနားတွင် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
၎င်းတို့နှစ်ဦးသည် နှစ်နိုင်ငံအကြားရှိ လက်ရှိ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်သည့် ကိစ္စရပ်များအားလုံးကို ဆွေးနွေးခဲ့ကြသည်။
လက်ရှိဖြစ်ပေါ်နေသော ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များ အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသ မျက်မှောက် ဖွံ့ဖြိုးတိုးတက်မှုများအပြင် လစ်ဗျားနိုင်ငံအရေးကိစ္စများအပေါ် နှစ်ဖက်စလုံး အမြင်ချင်းဖလှယ်ခဲ့ကြသည်။
၎င်းတို့သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှင့်ပတ်သက်ပြီး နိုင်ငံတကာ တုံ့ပြန်မှုနှင့် မျက်မှောက် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအခြေအနေတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင်ချို


