နေပြည်တော် ၁၇ ဇူလိုင်

 

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၇)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၆)နာရီ၊ (၅၆)မိနစ်၊ (၄၁)စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၃၄)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ဖလမ်းမြို့၏ အနောက်မြောက်ဘက် (၂၁)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃.၁၀)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၄၁)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၁)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

Crd > မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန