နေပြည်တော် ၂၆ ဇူလိုင်

 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ မွန်းတည့် ၁၂ နာရီတွင် မြစ်ရေကြီးခြင်းသတိပေးချက်ကို ထုတ်ပြန်ရာ ယနေ့ နံနက် ၁၁ နာရီခွဲ တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် မန္တလေးမြို့နှင့် မြင်းမူမြို့တို့တွင် (၁)ပေခန့်နှင့် စစ်ကိုင်းမြို့တွင် ပေဝက်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီး အောက်တွင် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေများသည် မန္တလေးမြို့နှင့် မြင်းမူမြို့တို့တွင် နောက်(၃)ရက်အတွင်းနှင့် စစ်ကိုင်းမြို့တွင် နောက်(၂)ရက်အတွင်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးသို့ ရောက်ရှိနိုင်သည်။

 

ယနေ့ နံနက် ၁၁ နာရီခွဲ တိုင်းထွာချက်အရ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်တွင် ရောက်ရှိနေပြီး နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။

 

သို့ဖြစ်၍ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့နှင့် မြစ်ငယ်မြို့များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန် အကြံပြုထားသည်။

 

MDN