၂၈ ဇူလိုင်
ယနေ့ မြန်မာစံတော်ချိန် (၂၁)နာရီ၊ (၀၈)မိနစ်၊ (၅၀)စက္ကန့် အချိန်တွင် အင်အားရစ်(ခ်)တာစကေး (၄.၉) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
အဆိုပါမြေငလျင်သည် ဟားခါးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၄၆)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Myanmar-India Border Region)၊ မြောက်လတ္တီတွဒ် (၂၃.၂၂)ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၃.၂၆)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း သိရသည်။


