မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၃၁)ရက်နေ့ ညနေ (၅)နာရီ အချိန်တွင် မြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်။

 

ဧရာဝတီမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ

 

ယနေ့မြန်မာစံတော်ချိန် (၁၆:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ် ရေသည် ဇလွန်မြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပါသည်။ အဆို ပါမြစ်ရေသည် လက်ရှိရေမှတ်မှ နောက်(၃) ရက်အတွင်း (၁)ပေခန့် ဆက်လက် တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်ပါသည်။

 

အကြံပြုချက်

 

သို့ဖြစ်ပါ၍ ဇလွန်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူ များအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

 

Crd> မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန