နေပြည်တော် ၁၆ ဩဂုတ်
ယနေ့ နံနက် ၁၀ နာရီ ၃၆ မိနစ်တွင် ဖောင်းပြင်မြို့၏ တောင်ဘက် (၁၄)မိုင်ခန့် အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။
အဆိုပါငလျင်သည် တမူးမြေငလျင်စခန်းမှ အရှေ့-အရှေ့တောင်ဘက် (၃၄)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်းမြောက်လတ္တီတွဒ် (၂၄.၀၆)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၈၁)ဒီဂရီ၊ အနက် (၈၉)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့သည်။
Crd-မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန


