နေပြည်တော် ၂၁ ဩဂုတ်
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ တတိယ(၁၀)ရက်ပတ်အတွက် မြစ်ရေအခြေအနေ ခန့်မှန်းချက်များကို (၂၁-၈-၂၀၂၀) ရက်နေ့တွင် အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်-
ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့တွင် ၂-ပေ မှ ၄-ပေခန့်နှင့် မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၄-ပေမှ ၆-ပေခန့် လက်ရှိရေမှတ်များ အထက် မြင့်တက်လာနိုင်ပါသည်။
ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် ၂-ပေမှ ၃-ပေခန့်နှင့် မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၃-ပေခွဲမှ ၅-ပေခန့် လက်ရှိရေမှတ်များ အထက်မြင့်တက် လာနိုင်ပါသည်။
Crd-မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန


