နေပြည်တော် ၂၄ ဩဂုတ်

၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၂၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၉)နာရီ၊ (၃၅)မိနစ်၊ (၅၀) စက္ကန့်အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် (၂၅)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဝိုင်းမော်မြို့၏ အရှေ့တောင်ဘက် (၁၅)မိုင် ခန့်အကွာ)၊ မြောက် လတ္တီတွဒ် (၂၅.၁၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇.၆၁)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

#မိုးဇလ