၂၅ ဩဂုတ်
ယနေ့ည မြန်မာစံတော်ချိန် (၂၀)နာရီ၊ (၄၇)မိနစ်၊ (၀၂)စက္ကန့် အချိန်တွင် တောင်ငူမြေငလျင်စခန်းမှ တောင်ဘက် (၆၃)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကျောက်တံခါးမြို့၏ အနောက်တောင်ဘက် (၁၃)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၈.၀၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၄၇)ဒီဂရီ၊ အနက် (၂၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃ ဒသမ ၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားမှုအား တိုင်းထွာရရှိခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
MDN


