၂၇ ဩဂုတ်

 

ယနေ့ ည ၆ နာရီ ၃၇ မိနစ်ခန့်က ဟားခါးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၃၈)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Myanmar-India Border Region) တွင် အင်အားရစ်(ခ်)တာ စကေး ၅ ဒသမ ၄ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

 

အဆိုပါ ငလျင်သည် မြောက်လတ္တီတွဒ် ၂၃ ဒသမ ၁၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒသမ ၃၀ဒီဂရီ၊ အနက် ၄၉ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း သိရသည်။

 

Crd-မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန