မိုးနှောင်းကာလသတ်မှတ်ခြင်း

 

၁။ ၂၀၂၀ပြည့်နှစ်၊ မိုးနှောင်းကာလသည် စက်တင်ဘာလ (၁)ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ ဝါခေါင်လဆန်း (၁၄) ရက်နေ့)မှစ၍ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ အနောက်တောင်မုတ်သုံလေ ဆုတ်ခွာသည့်နေ့အထိ ဖြစ်ပါသည်။

 

 မုတ်သုံလေဆုတ်ခွာသည့် အခြေအနေ

 

၂။ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအရပ်ရပ်မှ အောက်ပါအတိုင်း ဆုတ်ခွာသွား ဖွယ်ရာ ရှိပါသည်။

 

(က) စက်တင်ဘာလ (၁၃ - ၁၈) ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ လည်းကောင်း၊

(ခ) စက်တင်ဘာလ (၁၉ - ၂၄) ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှ လည်းကောင်း၊

(ဂ) စက်တင်ဘာလ (၂၅ - ၃၀) ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများမှ လည်းကောင်း၊ 

(ဃ)  အောက်တိုဘာလ (၁ - ၆) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ ဆုတ်ခွာသွား ဖွယ်ရာ ရှိပါသည်။

 

ဘင်္ဂလားပင်လယ်အော်အခြေအနေ

 

၃။ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်‌ဝန်း (၃)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ အနောက်တောင်မုတ်သုံလေ သည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအနည်းငယ်မှ အားအသင့်အတင့် ရှိနိုင်ပါသည်။

 

မိုးအခြေအနေ

 

၄။ မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ရွာသွန်းမြဲ ထက်ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်ပါသည်။

 

Crd- မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန