နေပြည်တော် ၂၈ ဩဂုတ်

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ မိုးနှောင်းကာလ ယေဘုယျ မြစ်ရေခန့်မှန်းချက်နှင့် စက်တင်ဘာလလပတ်အတွက် မြစ်ရေအ‌ခြေအနေခန့်မှန်းချက်များကို ၂၈-၈-၂၀၂၀ ရက်နေ့တွင် အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်...

 

မိုးနှောင်းကာလ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ချင်းတွင်းမြစ် ရေသည် ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ ဧရာဝတီမြစ်ရေ သည် ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် (၁)ကြိမ်ခန့်၊ စစ်တောင်း မြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့ တို့တွင်(၁)ကြိမ်ခန့်စီ၊   ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် (၁)ကြိမ် ခန့်၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် (၁)ကြိမ်ခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့ တွင်(၁)ကြိမ်ခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နှင့် ပုသိမ် မြို့တို့တွင် (၁)ကြိမ်ခန့်စီနှင့် တိုးမြစ်ရေသည် မအူပင်မြို့တွင်(၁)ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါသည်။

 

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလအတွင်း ချင်းတွင်းမြစ်ရေသည် ဖောင်းပြင် မြို့၊  မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် (၁) ကြိမ်ခန့်စီ၊ ဧရာဝတီ မြစ်ရေသည် ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ဆိပ်သာမြို့၊ ဟင်္သာ တမြို့နှင့် ဇလွန်မြို့တို့တွင် (၁)ကြိမ် ခန့်စီ၊ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ် မြို့တွင် (၁)ကြိမ်ခန့်၊ စစ်တောင်း မြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် (၁)ကြိမ်ခန့်စီ၊   ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် (၁)ကြိမ် ခန့်၊ ပဲခူးမြစ် ရေသည် ပဲခူးမြို့တွင် (၁)ကြိမ်ခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင်(၁)ကြိမ် ခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် (၁)ကြိမ်ခန့်စီနှင့် တိုးမြစ်ရေသည် မအူပင်မြို့တွင်(၁)ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါသည်။

 

Crd-မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန