နေပြည်တော် ၇ စက်တင်ဘာ
၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၇) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၂) နာရီ၊ (၅၈) မိနစ်၊ (၂၂)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၀၃) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (တနိုင်းမြို့၏ အနောက်မြောက်ဘက် မိုင်(၃၀)ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၆.၅၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၂၉)ဒီဂရီ၊ အနက်(၃၂)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
Crd-မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန


