၁၀ စက်တင်ဘာ

မြန်မာစံတော်ချိန် (၂၃) နာရီ၊ (၂၄) မိနစ်၊ (၅၆)စက္ကန့် အချိန်တွင် အင်အားရစ်(ခ်)တာစကေး (၄.၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

အဆိုပါငလျင်သည် တမူးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၄၃)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖောင်းပြင်မြို့၏ တောင်-အ‌ရှေ့တောင်ဘက် (၂၂) မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃.၉၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၉၃)ဒီဂရီ၊ အနက် (၁၀၀)ကီလိုမီတာ ကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်းသိရသည်။