ကလော ၁၄ စက်တင်ဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ် အောင်ပန်းမြို့ ညောင်ပင်ထောင် ရပ်ကွက်၊ နယ်မြေ(၃) စိန်ပန်းလမ်းတွင် စက်တင်ဘာ ၁၄ ရက်နေ့ နံနက် ၀၀:၃၀  နာရီခန့်က ဝါယာကြိုး အပူလွန်ကဲရာမှ၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာအိမ်ပိုင်ရှင် ဦးဒီဗီကန်ဝါလ်၏ တစ်ထပ်တိုက် နေအိမ်တွင် တပ်ဆင်ထားသည့် လျှပ်စစ်မီတာဘောက်မှ ဝါယာကြိုးအပူလွန်ကဲကာ နေအိမ်အား မီးစတင်လောင် ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မီးလောင်မှုကြောင့် အိမ်ပိုင်ရှင် ဦးဒီဗီကန်ဝါလ် ၏ နေအိမ်မီးလောင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ အောင်ပန်းနယ်မြေ မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၁) စီး ၊သန္ဓေတပ်ဖွဲ့ ဝင်(၁+၅)ဦး၊ အရံတပ်ဖွဲ့ဝင် (၅) ဦးနှင့် ဒေသခံပြည်သူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူများပူးပေါင်း၍ မီးငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့် စပ်လျဉ်း၍ အောင်ပန်းနယ်မြေ ရဲစခန်းမှ  အိမ်ရှင် ဦးဒီဗီကန်ဝါလ် အား အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

 

မြို့နယ်(ပြန်/ဆက်)