(၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၉ ရက်) (မြန်မာစံတော်ချိန်(၁၄:ဝ၀)နာရီအချိန်ထုတ်ပြန်ချက်)

 

လေဖိအားနည်းရပ်ဝန်းအခြေအနေ

 

၁။  ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ထိုင်းနိုင်ငံပေါ်တွင် ‌ရောက်ရှိ နေသော ကုန်းတွင်းမုန်တိုင်းငယ်သည် ထိုင်း-မြန်မာ နယ်စပ်အနီးတွင် လေဖိအားနည်းရပ်ဝန်း အဖြစ်သို့ အားလျော့သွားခဲ့ပြီး၊ ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်သို့ ရောက်ရှိနိုင် သည်ဟု ခန့်မှန်းရပါသည်။

 

သတိပေးနှိုးဆော်ချက်  

 

၂။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့ နေ့လယ်မှ (၂၂.၉.၂၀၂၀) ရက်နေ့အတွင်း နေပြည်တော်၊  မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊  တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသ အလိုက်မိုးကြီးခြင်းနှင့်  နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

 

အကြံပြုချက်

 

၃။      သို့ဖြစ်ပါ၍ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မိုးသည်းထန်စွာ ထစ်ချုန်းရွာသွန်းခြင်းနှင့် အတူ လေပြင်း တိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများ အနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊  ရေလျှံမှုများ ဖြစ်ပေါ်နိုင်သော ကြောင့် ကြိုတင်သတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

 

Crd- မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန