ဇန်နဝါရီ ၁၁ ရက်အတွက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
နေပြည်တော် ၁၁ ဇန်နဝါရီ
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့၊ နံနက် ၁၀ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေသည်။