နေပြည်တော် လယ်ဝေးမြို့နယ် သာဝတ္ထိ မဟာပရဟိတဂေဟာ စမတောင်တော်ရှိ အလက(ခွဲ) စမတောင်ကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းကကျင်းပရာ မဟာပရဟိတဂေဟာ စမတောင်မှ ကျောင်းအုပ်ဆရာတော် အဂ္ဂမဟာဇောတိကဓဇ ဦးဉာဏိန္တ၊ ဦးရေဝတနှင့် ဦးဝံသသီရိ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်နှင့် ဇနီး ဒေါ်ခင်စောမူ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်များဖြစ်ကြသော ဦးမင်းသူနှင့် ဦးဆန်းနိုင်၊ နေပြည်တော် တိုင်းပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ လယ်ဝေးမြို့နယ် ပညာရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။