ဟနွိုင်း  အောက်တိုဘာ  ၃၀

ဗီယက်နမ်နိုင်ငံသည်  ယခုနှစ် ပထမ ၁၀ လအတွင်း   နိုင်ငံခြားသို့ အလုပ်သမား  ၁၂၁၁၉၀ စေလွှတ်ခဲ့ကြောင်း၊ အဆိုပါ အရေအတွက်မှာ    နှစ်စဉ်သတ်မှတ်ထားသည့် အရေအတွက်   ၉၃   ဒသမ ၂ ရာခိုင်နှုန်းသို့  ရောက်ရှိလာကြောင်း  ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ပြည်ပအလုပ်အကိုင်ဦးစီးဌာနက အောက်တိုဘာ  ၃၀ ရက်တွင် ပြောကြားသည်။

ဂျပန်နိုင်ငံသည် ဗီယက်နမ်အလုပ်သမားများအတွက် အကြီးမားဆုံးသွားရောက်သည့် ခရီးစဉ်ဖြစ်ပြီး  ယခုနှစ် ပထမ  ၁၀  လအတွင်း ဗီယက်နမ်အလုပ်သမား ၅၅၀၄၉ ဦးကို လက်ခံခဲ့ကြောင်း  ဗီယက်နမ်သတင်းအေဂျင်စီက ထုတ်ပြန်ထားသည်။

ပြည်ပရှိ  ဗီယက်နမ်အလုပ်သမားများသည် ခိုင်မာသည့် ဝင်ငွေများရရှိပြီး တူညီသောနယ်ပယ်များတွင် ပြည်တွင်း၌ အလုပ်လုပ်ကိုင်သူများထက် သိသိသာသာ ဝင်ငွေပိုများကာ နှစ်စဉ် အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံမှ ၇ ဘီလီယံခန့်အထိ  မွေးရပ်မြေသို့ ပေးပို့နိုင်ခဲ့ကြောင်း  အဆိုပါဌာန၏  ယာယီညွှန်ကြားရေးမှူး  Vu   Truong Giang က ပြောကြားသည်။

၂၀၂၁   ခုနှစ်မှ   ၂၀၂၅   ခုနှစ်အတွင်း ပြည်ပသို့စေလွှတ်သည့် ဗီယက်နမ်အလုပ်သမားစုစုပေါင်း အရေအတွက်မှာ ယခုနှစ်ကုန်တွင် ၆၃၆၀၀၀ ရှိရန်   ခန့်မှန်းထားကြောင်း အဆိုပါဌာနက  ထုတ်ပြန်ထားသည်။      

ဆင်ဟွာ