နေပြည်တော် ၄ မတ်

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ ဒီဇင်ဘာလအတွက် မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇၁၇ ဒသမ ၅၁ သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၀၉ ဒသမ ၆၄ သန်းနှင့် စုစုပေါင်း ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၂၂၇ ဒသမ ၁၅ သန်းဖြစ်သည်။ ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁၉၀ ဒသမ ၆၀ သန်း၊ နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၅၁ ဒသမ ၂၆ သန်း နှင့် စုစုပေါင်း သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄၄၁ ဒသမ ၈၆ သန်း ဖြစ်သည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ ဒီဇင်ဘာလအတွက် စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၆၆၉ ဒသမ ဝ၁ သန်း ဖြစ်ပြီး စုစုပေါင်း ကုန်သွယ်မှု လိုငွေမှာ အမေရိကန်ဒေါ်လာ ၂၄၁ ဒသမ ၇၁ သန်း ဖြစ်ပေါ်ခဲ့သည်။

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၁၈၀ ဒသမ ၅၆ သန်း၊ နယ်စပ် ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄၆၈ ဒသမ ၁၇ သန်းနှင့် စုစုပေါင်းပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၆၄၈ ဒသမ ၇၃ သန်းဖြစ်သည်။ ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၇၈၂ ဒသမ ၄၂ သန်း၊နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၇၇ ဒသမ ၈၁ သန်းနှင့် စုစုပေါင်းသွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၄၆၀ ဒသမ ၂၃ သန်းဖြစ်သည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၈၁၀၈ ဒသမ ၉၆ သန်းဖြစ်ပြီး စုစုပေါင်း ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၈၁၁ ဒသမ ၅၀ သန်းဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ လစဉ်တင်ပြသော ပို့ကုန်၊ သွင်းကုန် အခြေအနေ အစီရင်ခံစာအရ သိရသည်။

 

သတင်းစဉ်