ပုဗ္ဗသီရိ ၂၇ ဧပြီ

 

၂၀၁၈-၂၀၁၉ ခုနှစ်တွင် ရေကြီးနစ်မြုပ်ပျက်စီးသွားသော မိုးစပါးစိုက်ဧကများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာ ဓမ္မာရုံ၌ကျင်းပခဲ့သည်။

 

ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းကိုက အဖွင့်အမှာ စကားပြောကြားပြီး  ၂၀၁၈-၂၀၁၉ ခုနှစ်တွင် မိုးစပါးစိုက်ဧကများ ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် ရွာတော်ကျေးရွာအုပ်စု၊ သစ်ယာကုန်း ကျေးရွာအုပ်စုနှင့် ဘဲကုန်းကျေးရွာအုပ်စုများမှ  တောင်သူ ၁၃၃ ဦးအား တစ်ဧကလျှင် တစ်သောင်းကျပ်နှုန်းဖြင့် ၂၆၉ ဧကအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် ၂၆၉၀ဝ၀ဝ ကို ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဒေါ်ရီဝါဝင်းသိန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းကိုနှင့် တာဝန်ရှိသူတို့က သက်ဆိုင်ရာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့သည်။

 

ယင်းနောက် ဖူးစားပြောင်းမျိုးစေ့ ၂၄၀ ဂရမ်ရှိ ၁၅၀ ထုပ်ကို တောင်သူများအား ပေးအပ်ခဲ့ပြီး တောင်သူများကိုယ်စား တောင်သူဦးကျော်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

မိုးစပါးဧကများ ပျက်စီးဆုံးရှုံးမှု နည်းပါးစေရန်အတွက် ရေနစ်မြုပ်ခံ မျိုးစပါးများကိုလည်း မိုးရာသီစိုက်ပျိုးချိန်အမီ တောင်သူများထံ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

MDN

 

2.0