နယူးယောက်၊ မတ် ၆

 

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် လာမည့်နှစ် သမ္မတရွေးကောက်ပွဲတွင် ထောက်ခံရန် မတ် ၄ ရက်က လူထုစည်းဝေးပွဲ၌ တောင်းဆိုခဲ့ကြောင်း သိရသည်။

 

ဝါရှင်တန်မြို့အနီး၌ ကျင်းပသည့် ကွန်ဆာဗေးတစ်နိုင်ငံရေး လှုပ်ရှားမှုညီလာခံ၏ နောက်ဆုံးနေ့တွင် သမ္မတဟောင်းထရမ့်က မိန့်ခွန်းပြောကြားခြင်းဖြစ်သည်။ ၎င်းက  အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ စီးပွားရေးမူဝါဒများကို ဝေဖန်ခဲ့ပြီး ကျွန်ုပ်တို့စတင်ခဲ့သည်ကို ပြီးအောင်လုပ်ရန်နှင့် အမေရိကန်ကို တစ်ဖန်ပြန်ကောင်းအောင်လုပ်ရန် ၎င်းက ကတိပြုပြောကြားသည်။

 

သမ္မတလောင်းအဖြစ် ကြေညာထားသည့်  ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း နစ်ကီဟေလီသည် လေးရက်ကြာ ကျင်းပသည့်ညီလာခံတွင် တက်ရောက်ခဲ့သူများထဲမှ တစ်ဦးဖြစ်သည်။

 

ဖလော်ရီဒါအာဏာပိုင်အဖွဲ့ဝင် ရွန်းဒီဆန်တစ်နှင့် ဒုတိယသမ္မတဟောင်း မိုက်ပင့်စ်ကဲ့သို့သော အခြားဖြစ်နိုင်ခြေရှိသည့် ပြိုင်ပွဲဝင်သူများမှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိကြောင်း သိရသည်။

 

အင်န်အိတ်ချ်ကေ