ဩဂုတ် ၈
အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၂၅ နှစ်ကုန်ပိုင်းအထိ ကျောက်မီးသွေးတန်ချိန် သန်း ၇၀၀ ကျော် ထုတ်လုပ်ရန် မျှော်မှန်းထားကြောင်း စွမ်းအင်နှင့်သတ္တုဝန်ကြီးဌာနက ယမန်နေ့ကပြောကြားသည်။
ယခုနှစ် ပထမမနှစ်ဝက်အထိ ကျောက်မီးသွေးတန်ချိန် ၃၇၁ ဒသမ ၆၆ သန်း ထုတ်လုပ်ခဲ့ရာ ၂၀၂၄ ခုနှစ် အလားတူကာလအတွင်း ကျောက်မီးသွေးတန်ချိန် ၄၀၆ ဒသမ ၀၆ သန်း စံချိန်တင်ထုတ်လုပ်မှုနှင့်နှိုင်းယှဉ်ပါက အနည်းငယ်လျော့ကျသွားသည်ဟု သိရသည်။
အစိုးရအဖွဲ့က ၂၀၂၅ ခုနှစ်အတွက် ကျောက်မီးသွေးတန်ချိန် ၇၃၅ သန်း ထုတ်လုပ်ရန် မျှော်မှန်းထားကြောင်း ဖော်ပြထားသည်။
ကျောက်မီးသွေးသည် အင်ဒိုနီးရှားနိုင်ငံ၏အဓိကစွမ်းအင်အရင်းအမြစ်ဖြစ်သည်။ ၂၀၂၄ ခုနှစ်က ကျောက်မီးသွေးတန်ချိန် ၈၃၆ သန်းထုတ်လုပ်ခဲ့ရာ ၂၀၂၃ ခုနှစ်က ထုတ်လုပ်ခဲ့သော ကျောက်မီးသွေးတန်ချိန် ၇၇၅ သန်းထက် ပိုမိုများပြားခဲ့သည်။
ပို့ကုန်အရ ယခုနှစ် ပထမနှစ်ဝက်အတွင်း ကျောက်မီးသွေး တန်ချိန် ၁၈၅ ဒသမ ၉၈ သန်း တင်ပို့ခဲ့ရာ ၂၀၂၄ ခုနှစ် အလားတူကာလက ကျောက်မီးသွေးတင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ၆ ဒသမ ၁၃ ရာခိုင်နှုန်း လျော့နည်းခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


