ကျိုင်းတုံ ၅ မတ်


(၂၁) ကြိမ်မြောက် လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ ဒီပလိုမာ အပ်နှင်းပွဲ အခမ်းအနားကို ကျိုင်းတုံတက္ကသိုလ်၌ မတ်လ (၅) ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။


အခမ်းအနားတွင် ကျိုင်းတုံပညာရေးကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ချိုမြင့်က အဖွင့်စကား ပြောကြားပြီး ဒီပလိုမာ အပ်နှင်းပွဲအခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီးမှ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ ဒီပလိုမာ သင်တန်းပြီးမြောက်ခဲ့သည့် သင်တန်းသား (၂၃) ဦး၊ သင်တန်းသူ (၂၈) ဦး စုစုပေါင်း သင်တန်းသား (၅၁) ဦးကို ဆရာအတတ်ပညာ ဒီပလိုမာလက်မှတ်များ ပေးအပ်ချီးမြှင့်ပြီးနောက် သင်တန်းသား သင်တန်းသူများအား အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


ရဲထက်ဦး(ပြန်/ဆက်)

 

123