နေပြည်တော် ၂၃  ဧပြီ

 

(၂၇)ကြိမ်မြောက် လျှပ်စစ်နှင့် အီလက်ထရောနစ် ထုတ်ကုန်ပစ္စည်းဆိုင်ရာ ပူးတွဲ ဆပ်ကော်မတီ  (JSCEEE) အစည်းအဝေးနှင့် ဆက်စပ်အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

 

6776

 

ဆွေးနွေးပွဲတွင် စက်မှုဝန်ကြီးဌာန စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာစိုးနိုင်က အမှာစကားပြောကြားပြီး အာဆီယံ အတွင်းရေးမှူး ချုပ်ရုံးနှင့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များ၊ ဂျပန်နိုင်ငံ JBMIA မှ ကိုယ်စားလှယ်များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

 

ထို့နောက် အစည်းအဝေးကို ဆက်လက်ကျင်းပရာ ASEAN Integration Initiatives နှင့်စပ်လျဉ်း၍ တိုးတက်မှုအခြေအနေ၊ (၂၆) ကြိမ်မြောက် အစည်းအဝေး၏ ဆွေးနွေးမှုရလဒ်များအပေါ် အကောင်အထည်ဖော်နေမှု၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပူးပေါင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ JSCEEE အား တာဝန်ယူဆောင်ရွက် မည့် Focal Points များအား ပြန်လည်အတည်ပြုခြင်းနှင့် နည်းပညာဆိုင်ရာ မူဝါဒများနှင့်စပ်လျဉ်း၍ အတွေ့အကြုံဖလှယ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

အဆိုပါ JSCEEE အစည်းအဝေးများကို အာဆီယံဒေသတွင်း လွတ်လပ်သော ကုန်သွယ်မှုနယ်ပယ်ဖြစ်ပေါ်ရေး၊ ကုန်သွယ်မှုအတားအဆီးဆိုင်ရာ လျှော့ချရေးနှင့် အာဆီယံဒေသတွင်း လျှပ်စစ်နှင့် အီလက်ထရောနစ် ထုတ်ကုန်ပစ္စည်းများဆိုင်ရာ အပြန်အလှန် သဘောတူညီချက်၊ လျှပ်စစ်နှင့် အီလက်ထရောနစ် ထုတ်ကုန်ပစ္စည်းများဆိုင်ရာ ထိန်းသိမ်းမှုစနစ် အကောင်အထည်ဖော်ရာတွင် လက်ရှိဆောင်ရွက်မှုများ၊ ဆက်လက် အကောင်အထည်ဖော်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် အီလက်ထရောနစ် ထုတ်ကုန်ပစ္စည်း ပူးတွဲဆပ်ကော်မတီကို တာဝန်ယူဆောင်ရွက်နေသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံအချင်းချင်း ဆွေးနွေးညှိနှိုင်းနိုင်ရန် ရည်ရွယ်၍ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

ထက်ဦးလျှံ၊ ဓာတ်ပုံ - အေးသန်း