နေပြည်တော် ၈ ဇွန်
ယနေ့ နံနက် ၈ နာရီ ၂၇ မိနစ် ၀၃ စက္ကန့်တွင် သီပေါမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၁၀၅)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မူဆယ်မြို့၏ အရှေ့-အရှေ့တောင်ဘက် (၁၈)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃ ဒသမ ၉၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈ ဒသမ ၁၇)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃ ဒသမ ၇) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
MDN


