ပဲခူး ဇူလိုင် ၂၁
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်ညွှန်ကြားမှုဖြင့် (၃၂)ကြိမ်မြောက် လစဉ် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးတို့ သွားရောက်ကြည့်ရှုအားပေးသည်။ (အောက်ဝဲပုံ)
ဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများသည် ပဲခူးမြို့ ခုတင်(၅၀၀)ဆုံ အထွေထွေ ရောဂါကုဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လာရောက် ခံယူကြသည့် အငြိမ်းစားနိုင်ငံ ဝန်ထမ်းများအား ကျန်းမာရေး ဝန်ထမ်းများက စမ်းသပ်စစ်ဆေး ကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်း များမှ ပူးပေါင်းပါဝင် ကူညီဆောင် ရွက်ပေးနေမှုနှင့် ရေသန့်၊ ကော်ဖီနှင့် အာဟာရမုန့်များ အခမဲ့ တိုက်ကျွေးနေမှုများကို လိုက်လံကြည့်ရှုပြီး ကျန်းမာရေး စောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားကာ လစဉ် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များအား စဉ်ဆက်မပြတ် ကျန်းမာ ရေး စောင့်ရှောက်မှုပေးနိုင်ရေးနှင့် ဆေးဝါးလိုအပ်ချက် မရှိစေ ရေး ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ လုပ်ငန်းနယ်ပယ် အသီးသီးတွင်တာဝန်ထမ်းဆောင် ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အငြိမ်းစားယူပြီးနောက် ကျန်းမာပျော်ရွှင် အသက်ရှည်စွာ နေထိုင်ရေးအတွက် ပဲခူးတိုင်းဒေသ ကြီးအစိုးရအဖွဲ့၏ ဦးဆောင်စီစဉ် မှု လစဉ်တိုင်းဒေသကြီးအတွင်း မြို့နယ် ၂၈ မြို့နယ်ရှိ ပြည်သူ့ ဆေးရုံကြီးများ၌ ကျန်းမာရေး စောင့်ရှောက်မှု စစ်ဆေးပေးခြင်း၊ လူနာတစ်ဦးလျှင် အခမဲ့ဆေးဝါး တစ်လစာ လစဉ်ထောက်ပံ့ပေး ခြင်း၊ ကာကွယ်ဆေးထိုးပေးခြင်း၊ အခြေခံ စားသုံးကုန်များအား သက်သာသော နှုန်းထားဖြင့် ရောင်းချပေးခြင်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


