နေပြည်တော်   နိုဝင်ဘာ   ၁၇

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့်  ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့်   ဦးဇင်မင်းထက်၊ တာဝန်ရှိသူများနှင့်အတူ   ယနေ့နံနက်ပိုင်းက    မြန်မာ့အားကစား အောင်နိုင်ရေး၊ နိုင်ငံတော်၏ အားကစားအဆင့်အတန်း မြင့်မားရေးနှင့် ရွှေတံဆိပ်ဆုများရရှိအောင်   အထောက်အကူဖြစ်စေရေးအတွက်   (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ  အားကစားပြိုင်ပွဲသို့  ယူဆောင်သွားမည့် အားကစားနည်းများအလိုက် မြန်မာအားကစားအဖွဲ့များက ပြိုင်ပွဲအသုံး အဆောင် အထောက်အကူပြုပစ္စည်းများ၊ပြိုင်ပွဲဝင်ဝတ်စုံများ၊  ဖိနပ်များ၊  ပြိုင်ပွဲသုံး လက်နက်ကိရိယာများ ဝယ်ယူထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ    ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ   ထိုင်းနိုင်ငံ   ဗန်ကောက်၊ ချွန်ဘူရီနှင့်   ဆုန်ခလာမြို့တို့၌ ကျင်းပမည့်   (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ  အားကစား ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့်   မြန်မာအားကစားအသင်းအတွက် အထောက်အကူဖြစ်စေသည့် ပစ္စည်းများဖြစ်သော  မြန်မာနိုင်ငံ အလံပါ   လက်ပတ်၊   ခေါင်းစည်း၊ မြန်မာအလံ၊   ပြိုင်ပွဲဝင် မြန်မာအားကစားအဖွဲ့ ပါဝင်သည့် contingent book၊ အားကစားနည်းအလိုက် ပြိုင်ပွဲ schedule များ၊ ပြိုင်ပွဲကျင်းပမည့်နေရာများ နှင့် အားကစားကွင်း၊ အားကစား ရုံများ၊ ဆေးအဖွဲ့က ခင်းကျင်းထားသည့်  အားကစားအဖွဲ့အတွက် လိုအပ်သော အထွေထွေဆေးဝါးများ၊   PCO နှင့် ဆက်စပ်သည့် စက်ပစ္စည်းများ၊   ဆေးဝါးများ၊ တိပ်များ၊  ပြိုင်ပွဲဝင်   အားကစား နည်းများဖြစ်သည့်  မြားပစ်၊ ပြေးခုန်ပစ်၊  ကြက်တောင်၊ ဘတ်စကက်ဘော၊   ဘိလိယက်နှင့် စနူကာ၊   ဘိုးလင်း၊   လက်ဝှေ့၊ ခရစ်ကက်၊   စစ်တုရင်၊ စက်ဘီး၊ မြင်းစီး၊   ဘောလုံး၊   ဖူဆယ်၊ E-Sports၊ ဂေါက်သီးရိုက်၊ ကျွမ်းဘား၊ ဟော်ကီ၊ ဂျူဒို၊ ဂျူဂျစ်ဆု၊ ကဘာတီ၊ ကရာတေး၊ ကစ်ဘောင် ဆင်၊ မွေ၊ ပန်ကြပ်ဆီလတ်၊ပီတန်း၊ အပြည်ပြည်ဆိုင်ရာလှေ၊ ကနူးကယက်၊ ပိုက်ကျော်ခြင်း၊ ခြင်းလုံး၊ သေနတ်ပစ်၊ စကိတ်၊ စကွက်ရှ်၊ ရေကူး၊ တိုက်ကွမ်ဒို၊ တက်ဂ်ဘော၊ ဘော်လီဘော၊ အလေးမ၊  နပန်း နှင့်ဝူရှူး စသည့်အားကစားနည်း ၃၈ နည်း၏ အားကစားနည်းများအလိုက်  ပြိုင်ပွဲအသုံးအဆောင်များ၊ အထောက်အကူပြုပစ္စည်း များ၊ ပြိုင်ပွဲဝင်ဝတ်စုံများ၊  ဖိနပ်များနှင့် ပြိုင်ပွဲသုံးလက်နက် ကိရိယာများ ခင်းကျင်းပြသထားရှိမှုကို ကြည့်ရှုစစ်ဆေးရာ အားကစားနည်းများအလိုက် အဖွဲ့ချုပ် ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများက ပစ္စည်းများ၏အရည်အသွေး၊ အမျိုးအစားများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက  ပြိုင်ပွဲတွင်အောင်မြင်မှုများ  ရရှိရန်နှင့်  စိတ်ခွန်အားများ ရရှိစေရန် အားကစားဝါသနာရှင် ကလောင်ရှင်များက ဆောင်းပါးများ၊ စာကောင်းစာမွန်များကို ရေးသားကြသကဲ့သို့ မြန်မာတစ်နိုင်ငံလုံးမှ ပြည်သူအားလုံး မျှော်လင့် စောင့်စားအားပေးနေသည့်အတွက် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များအနေဖြင့်   နိုင်ငံ့ဂုဏ်ကို အားကစားဖြင့်  မြှင့်တင်နိုင်ပြီး အောင်မြင်မှုဆုတံဆိပ်များရရှိအောင် ကြိုးစားကြရန်  တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။  

သတင်းစဉ်