နေပြည်တော်  ၁၃ စက်တင်ဘာ

 

ယနေ့ မြန်မာစံတော်ချိန် ၂၁ နာရီ၊ ၄၀ မိနစ်၊ ၄၈ စက္ကန့်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် (၇၂)မိုင်ခန့်ကွာဝေးသော (မြန်မာ့ပင်လယ်ပြင်) မြောက်လတ္တီတွဒ်(၁၅.၉၂)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၆၁)ဒီဂရီ၊ အနက်(၁၁)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

မိုး/ဇလ