နယူးဒေလီ ဇူလိုင် ၁၅

လွန်ခဲ့သည့်  ၄၈  နာရီအတွင်း အိန္ဒိယနိုင်ငံအရှေ့ပိုင်း   ဂျာခန်နှင့်   ဘီဟာပြည်နယ်များတွင် မိုးကြိုးပစ်၍ အနည်းဆုံး လူ ၂၁ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိ သူများက ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့သည်။

အာဏာပိုင်များ၏ ပြောကြားချက်အရ သေဆုံးသူအများစုသည် မိုးကြိုးပစ်ခံရချိန်တွင် ၎င်းတို့၏ လယ်ကွင်းများထဲတွင် အလုပ်လုပ်နေကြသည်ဟု သိရသည်။ ဂျာခန် ပြည်နယ်တွင်သေဆုံးမှု ၁၂ မှုရှိ သည်ဟု  အစီရင်ခံခဲ့သော်လည်း အိမ်နီးချင်း  ဘီဟာပြည်နယ်၌ ကိုးဦးသေဆုံးခဲ့ကြောင်း  သတင်း ရရှိခဲ့သည်။

ဂျာခန်ပြည်နယ်ရှိ    ဂီရီဒစ်နှင့်  ဒမ်ကာဒေသများသည် မိုးကြိုးပစ်ခံရဆုံး   ဒေသများဖြစ်သည်။

မုတ်သုံရာသီအတွင်း ရုတ်တရက်  မိုးကြိုးပစ်နိုင်ခြေရှိခြင်းကြောင့် မိုးကြိုးပစ်ချိန်တွင် အိမ်ထဲ၌ နေကြရန်   အာဏာပိုင်များက သတိပေးထားသည်။

တစ်ချိန်တည်းတွင်   အိန္ဒိယမိုးလေဝသဌာနက ဂျာခန်နှင့် ဘီဟာပြည်နယ်တို့တွင် မိုးသည်းထန်စွာ   ရွာသွန်းမှုနှင့်  မိုးကြိုးအန္တရာယ်သတိပေးချက်ကို ဇူလိုင် ၁၇  ရက်အထိ ထုတ်ပြန်ထားသည်။

အိန္ဒိယနိုင်ငံတွင် နှစ်စဉ် မုတ်သုံရာသီတွင်   မိုးကြိုးပစ်ခြင်းများကြောင့်  လူရာနှင့်ချီ   သေဆုံးလျက် ရှိသည်။  

ဆင်ဟွာ