နေပြည်တော် ၅  မေ 

 

နေပြည်တော်တိုင်း မီးသတ်ဦးစီးဌာန ၏ ၂၀၁၉ ခုနှစ် (၇၃) နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးပွဲတော်ကွင်းအတွင်းကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်နှင့်ဇနီး ဒေါ်ခင်စောမူ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ နေပြည်တော် ကောင်စီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

့ါ့

 

ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသောတပ်ဖွဲ့ ဝင်များအား လေးပြုခြင်း၊ သစ္စာ (၄) ချက်ရွတ်ဆိုခြင်းများ ဆောင်ရွက်ကြသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က မိန့်ခွန်းပြောကြားသည်။

 

့း

 

ယင်းနောက် မီးသတ်တပ်ဖွဲ့ဝင်များက စက်သုံးဆီဆိုင်တွင် ဆီသယ်ယာဉ်မှ ဆီပေပါ အတွင်းသို့ ဆီချစဉ် ပွတ်တိုက်မှုကြောင့် မီးပွင့်ရာမှဖြစ်ပွားသော မီးလောင်မှုကို မီးငြှိမ်းသတ် သရုပ်ပြခြင်း၊ ယာဉ်မတော်တဆတိုက်ခိုက်မှုကြောင့် ယာဉ်အတွင်း ပိတ်မိနေသောလူနာကို ကယ်ဆယ်ခြင်းနှင့် မီးငြှိမ်းသတ်မှုသရုပ်ပြခြင်း၊ ဆာလဖြူရစ်အက်ဆစ် ယိုစိမ့်မှုဖြစ်စဉ်တွင် Hazmet Vehical Respond Team ၏ ဘေးအန္တရာယ်လျော့ပါးရေးနှင့် CBRNE ကယ် ဆယ်ရေးဆောင်ရွက်မှုအစီအစဉ်နှင့် ဆေးရောင်စုံရေပက်ဖျန်းခြင်း တို့ကို လက်တွေ့သရုပ် ပြကြသည်။

 

ါမ

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ က စစ်ရေးပြနှင့် သရုပ်ပြအစီအစဉ်တွင် ပါဝင်ခဲ့ကြသည့် အမျိုးသားတပ်ဖွဲ့ဝင်များကိုလည်းကောင်း၊  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ၏ ဇနီး က စစ်ရေးပြနှင့် သရုပ်ပြအစီအစဉ်တွင်ပါဝင်ခဲ့ကြသည့် အမျိုးသမီးတပ်ဖွဲ့ဝင်များကိုလည်းကောင်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး က လုပ်သက် (၂၅) နှစ်အထက် အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသောတပ်ဖွဲ့ဝင်များအား ကို လည်းကောင်း ဂုဏ်ပြုဆုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် ဇနီး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ၂၀၁၉ ခုနှစ် (၇၃) နှစ် မြောက် မီးသတ် တပ်ဖွဲ့နေ့အထိမ်းအမှတ်ခင်းကျင်းပြသထားသည့်ပြခန်းများ၊ မီးသတ်ပစ္စည်းများ ကိရိယာများကို လှည့်လည်ကြည့်ရှုကြသည်။

 

(သတင်းစဉ်)