ရန်ကုန် ၂၄ ဧပြီ
အာဆီယံအတွင်းရေးမှူးချုပ်ဟောင်း Hon.Rodolfo C. Severino သည် ဧပြီ(၁၉)ရက် သောကြာနေ့တွင် ကွယ်လွန်သွားသည့်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ကေသီစိုး သည် ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဖိုးစိန်လမ်း အမှတ် (၂၁)ရှိ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံသံရုံးသို့ သွားရောက်၍ ဝမ်းနည်းခြင်းအထိမ်းအမှတ် ဖွင့်လှစ်ထားရှိသည့် စာအုပ်၌ လက်မှတ်ရေးထိုးခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ အာဆီယံအတွင်းရေးမှူးချုပ်ဟောင်း Hon.Rodolfo C. Severino သည် ၁၉၉၈ ခုနှစ်မှ ၂၀ဝ၂ ခုနှစ်အထိ အာဆီယံအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
(သတင်းစဉ်)


