ဝါရှင်တန်   အောက်တိုဘာ   ၁၂

အသက် ၆၃နှစ်အရွယ်ရှိ သရုပ်ဆောင် တွမ်ခရုစ်သည် အသက် ၃၇ နှစ်အရွယ်ရှိ သရုပ်ဆောင် Anade Armas နှင့် အာကာသထဲတွင် မင်္ဂလာပွဲကျင်းပရန်   စီစဉ်နေကြောင်း သိရသည်။

၎င်းတို့စုံတွဲသည် *Mission: Impossible*    ရုပ်ရှင်ကဲ့သို့ ကြီးကျယ်ခမ်းနားသော မင်္ဂလာပွဲတစ်ခုကို     အာကာသထဲတွင် ကျင်းပရန် ဆောင်ရွက်နေကြောင်း သိရသည်။

၎င်းတို့နှစ်ဦးသည် စွန့်စားခန်းများကို နှစ်သက်ပြီး  အာကာသထဲတွင်    ပထမဆုံးလက်ထက်မယ့် စုံတွဲ ဖြစ်လာမယ်ဆိုတဲ့အရာက တွမ်ခရုစ်ကို စိတ်လှုပ်ရှားစေခဲ့ကြောင်း  သတင်းရင်းမြစ်တစ်ခုက ပြောကြားသည်။

တွမ်ခရုစ်သည်  ယခင်က သုံးကြိမ်လက်ထပ်ခဲ့ကြောင်း သိရသည်။

ကိုးကား-ချိုဆန်းဒေးလီး

ဘာသာပြန်-စိုးသူရ