ဇူလိုင် ၂၃
အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း ဘတ်ရှ်လန်ပြည်နယ်တွင် ယမန်နေ့က ကျောက်မီးသွေးတွင်း အတွင်းပိုင်း ပေါက်ကွဲမှုကြောင့် ခြောက်ဦးသေဆုံးပြီး အခြား ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ညွှန်ကြားရေးမှူး မော်လဝီအဒူလာရှ်က ပြောကြားသည်။
အဆိုပါကျောက်မီးသွေးတွင်းပေါက်ကွဲမှုသည် ကာကာကျောက်မီးသွေးတွင်းတွင် ဒေသစံတော်ချိန် ညနေ ၃ နာရီ ၃၀ မိနစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ ယင်းနေရာမှာပင် တွင်းလုပ်သားခြောက်ဦးသေဆုံးခဲ့သည်ဟု ၎င်းကဆိုသည်။
ထိုပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူအားလုံးကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်ဟု ၎င်းက ထပ်မံပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


