ကဘူးလ်   ဩဂုတ်   ၃

အာဖဂန်နစ္စတန်နိုင်ငံ၏ စွမ်းအင်နှင့်ရေအရင်းအမြစ် ဝန်ကြီးဌာနသည် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၀၀၀၀ ထုတ်လုပ်ပို့လွှတ်ဖြန့်ဖြူးရန် အာဖဂန်ကုမ္ပဏီတစ်ခုဖြစ်သည့် Azizi Group နှင့် သဘော တူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ကြောင်း နိုင်ငံပိုင် ဘာခ်တာသတင်းအေဂျင်စီက ဩဂုတ်  ၂  ရက်တွင် အစီရင်ခံဖော်ပြထားသည်။

အဆိုပါစီမံကိန်းမှ အလုပ်အကိုင်အခွင့်အလမ်းများကို  ဖန်တီးပေးပြီး   နိုင်ငံ၏  စွမ်းအင်ဖူလုံမှုကို မြှင့်တင်ပေးမည်ဟု မျှော်မှန်းထားသည်။ ထို့အပြင် အဆိုပါစီမံကိန်းမှ အလုပ်အကိုင်ပေါင်း  ၁၅၀၀၀၀ နီးပါး   ဖန်တီးပေးနိုင်မည်ဖြစ်ပြီး နိုင်ငံအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းအားဖြင့် လူငယ်လူရွယ်များ ပြည်ပသို့ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်မှုကို လျှော့ချရာတွင် အထောက်အကူဖြစ်စေမည်ဟု လက်မှတ်ရေးထိုးပွဲတွင် Azizi Group အကြီးအကဲဖြစ်သူ မီဝါအစ်အဇီဇီက ပြောသည်။

ပြည်နယ်အချို့တွင်     အကောင်အထည်ဖော်ဆောင်ရွက်မည့်   ယင်းစီမံကိန်းသည်   ပြည်သူများ လျှပ်စစ်သုံးစွဲခွင့်ပိုမိုရရှိအောင် တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ကာလရှည်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို  ဖြစ်ထွန်းစေပြီး  နိုင်ငံတော်အတွက် ဝင်ငွေပိုမိုတိုးလာစေမည်ဖြစ်ကြောင်း  စွမ်းအင်နှင့် ရေအရင်းအမြစ်ဝန်ကြီးဌာနက ပြောသည်။

အာဖဂန်နစ္စတန်နိုင်ငံသည်   ပြည်တွင်းအရင်းအမြစ်များမှ    လျှပ်စစ်ဓာတ်အား  မဂ္ဂါဝပ်     ၆၀၀  ထုတ်လုပ်လျက်ရှိပြီး    ယင်းပမာဏမှာ    နိုင်ငံ၏ လျှပ်စစ်သုံးစွဲမှု စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းရှိသည်။ အခြား ၇၀ ရာခိုင်နှုန်းကို အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တာဂျစ်ကစ္စတန်၊    ဥဇဘက်ကစ္စတန်၊    အီရန်နှင့် တာ့ခ်မင်နစ္စတန်နိုင်ငံတို့မှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၂၂၇ သန်း ကျခံကာ တင်သွင်းနေရကြောင်း သိရသည်။                                                 

ဆင်ဟွာ