အာဖဂန်အိမ်စောင့်အစိုးရ၏ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနသည်  အသက် ၅ နှစ်အောက်အရွယ် ကလေးဦးရေ  ၇ ဒသမ ၃ သန်းကို ပိုလီယိုရောဂါဖြစ်ပွားမှုမှကာကွယ်ရန် ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးရေး လေးရက်တာလှုပ်ရှားမှုပြုလုပ်ကြောင်း ယနေ့တွင် ကြေညာခဲ့သည်။

နိုင်ငံအတွင်းရှိ ပြည်နယ် ၃၄ ခုအနက် ပြည်နယ်၁၉ ခုရှိ ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးမှုကို ဇူလိုင် ၂၁ ရက်မှ ၂၄ ရက်အထိပြုလုပ်သွားမည်ဖြစ်ကြောင်း ထိုဝန်ကြီးဌာန၏ပြောရေးဆိုခွင့်ရှိသူ ရှာရာဖတ်ဇာမန်အာမာခီလ်က ပြောကြားသည်။

ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးရေးလှုပ်ရှားမှုကိုထိရောက်စွာဆောင်ရွက်နိုင်ရန် လူမျိုးစုအကြီးအကဲများ၊ ဘာသာရေး ဆရာများနှင့် မိဘများအား  အပြည့်အဝပံ့ပိုးကူညီပါဝင်ကြရန် ၎င်းက တိုက်တွန်ပြောကြားထားသည်။

ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရောဂါကူးစက်မှုကိုတိုက်ဖျက်ရန် ကြိုတင်ကာကွယ်ရေး အစီအမံများ အားလုံးကို အကောင်အထည်ဖော်ကြိုးပမ်းလုပ်ဆောင်လျက်ရှိပြီး ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးသည့် လှုပ်ရှားမှုမှတစ်ဆင့် နိုင်ငံအတွင်း ပိုလီယိုကူးစက်မှုကိုကာကွယ်ရန်ရည်ရွယ်ကြောင်း  ၎င်းကပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို