အဒစ်အဘာဘာ ဇွန် ၁၃

 

အာဖရိကဦးချိုဒေသမှ နိုင်ငံသုံးနိုင်ငံဖြစ်သည့် အီသီယိုးပီးယား၊ ကင်ညာနှင့် ဆိုမာလီယာ နိုင်ငံများရှိ ပြည်သူများသည် စားနပ်ရိက္ခာမလုံလောက်မှုနှင့် အာဟာရချို့တဲ့မှု မြင့်မားလာခြင်းတို့ကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံး(UNOCHA) က ယနေ့ သတိပေးပြောကြားသည်။

 

အဆိုပါနိုင်ငံများ၌ စားနပ်ရိက္ခာ မလုံလောက်မှုနှင့် အာဟာရချို့တဲ့ မှုတို့ကို ရင်ဆိုင်နေရသည့် လူဦး ရေမှာ ၂၀၂ ခုနှစ် စက်တင်ဘာလ တွင် သန်း ၂၀ အထိ မြင့်တက်လာ နိုင်ဖွယ်ရှိကြောင်း သိရသည်။

 

ဆိုမာလီယာနိုင်ငံ၌ စားနပ် ရိက္ခာပြတ်လပ်နေသည့် ပြည်သူ ၇ ဒသမ ၁ သန်း၊ အီသီယိုးပီးယား နိုင်ငံ၌ ၇ ဒသမ ၂ သန်းနှင့် ကင်ညာနိုင်ငံ၌ ၄ ဒသမ ၁ သန်းတို့ ရှိကြောင်း သိရသည်။

 

ယင်းသို့ အစာရေစာပြတ်လပ်မှုများ၏ အကြောင်းရင်းမှာ ပူပြင်းခြောက်သွေ့မှုကြောင့် ဖြစ် သည်။ အဆိုပါနိုင်ငံများရှိ ကျွဲနွား ကောင်ရေ ခုနစ်သန်းသည် အစာရေစာပြတ်လပ်မှုကြောင့် သေဆုံးခဲ့ရကြောင်း သိရသည်။ ယင်းတို့အနက် ကင်ညာနိုင်ငံမှ ကျွဲနွားကောင်ရေ ၁ ဒသမ ၅သန်း၊ အီသီ ယိုးပီးယားနိုင်ငံမှ ၂ ဒသမ ၅ သန်းနှင့် ဆိုမာလီယာနိုင်ငံမှ သုံး သန်းတို့သေဆုံးခဲ့ကြောင်း သိရသည်။

 

တိရစ္ဆာန်များသေဆုံးရခြင်း၏ အကျိုးဆက်ကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့်ရင်ဆိုင်နေရသည့် ဒေသများရှိ ကလေးများအား နို့တိုက်ကျွေးရန် အခက်အခဲများ ဖြစ်ပေါ်စေပြီး ၎င်းတို့၏အာဟာရကို ထိခိုက်စေသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်